Print

ကဖင်းဓာတ်ဟာ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ကို ကာကွယ်နိုင်သည်

  23-Mar-2019
Preview Image

ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အမျိုးသမီးများ အသက်အရွယ်ကြီးရင့်ခြင်းမှာ ဖြစ်တက်တဲ့ မှတ်ဉာဏ်တွေ အားနည်းဆုံးရှုံးခြင်းကို ကင်းဝေးစေဖို့ ကူညီပေးနိုင်ပါကြောင်း လေ့လာသူတွေက အကြံပြုပြောကြားထားပါတယ်။ ပြင်သစ်လေ့လာသူမညာရှင်တွေဟာ တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် ပိုပြီးသောက်သုံးတဲ့ အသက် ၆၅နှင့် ၆၅နှစ်အထက် အမျိုးသမီးများနဲ့ တစ်နေ့ကို ကော်ဖီတစ်ခွက် သို့မဟုတ် ထို့ထက် ပိုနည်းစွာသောက်သုံးတဲ့ အမျိုးသမီးတွေဟာ သက်တမ်းလေးနှစ်ထက် ပိုပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်း မဖြစ်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

         

French National Institute အတွက် Health and Medical Reserch ပြုလုပ်တဲ့ လေ့လာသူ ခေါင်းဆောင် Dr.Karen Ritchie က ကဖင်းဓာတ်နဲ့ ပက်သက်ပြီး အချိန်မတိုင်မီ ထင်မြင်ချက်နဲ့ ပက်သက်ပြီး အချိန်မတိုင်မီ ထင်မြင်ချက်တွေ ချမှတ်ခြင်းကို သတိထားဖို့ ပြောကြားခဲ့ပါတယ်။ သူကပဲ ကျွန်ုပ်တွေဟာ ဇီဝဗေဒသဘောတရားနဲ့ အလုပ်လုပ်ကြတဲ့အခါ တချို့ Idea တွေက ဘယ်လိုလဲဆိုပြီး ဖြစ်တက်ကြပါတယ်။ ကဖင်းဓာတ်ကို ပိုတိုးပြီး ရယူတဲ့အခါ အဲဒီမတိုင်ခင် ကဖင်းဓာတ်ဟာ တကယ်ပဲ ဦးနှောက်မှာ အတွေးအခေါ် ခံယူချက်တွေ ဆိုးရွားသွားစေမယ့် အခြေအနေကို လျော့ချပေးနိုင်သလားဆိုတဲ့ အကျိုးဆက်ကို ပိုပြီး သေသေချာချာ နားလည်ဖို့လိုအပ်ပါတယ်။ သေသေချာချာ သုတေသနပြုဖို့ လိုအပ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။


ကဖင်းဓာတ်သည် အမျိုးသမီးတွေကို ပိုပြီး အကျိုးသက်ရောက်စေနိုင်သည်

ဆက်လက်ပြီး Dr.Ritchie က ကျွန်ုပ်တို့ အမှန်တကယ် လိုအပ်ချက်တွေကို ကာလရှည်ကြာစွာ လေ့လာသုတေသနပြုချက်တွေအရ ကဖင်းဓာတ်ဟာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ရှုးသွပ်ခြင်းဖြစ်ပွားမှုကို လျော့နည်းနှေးကွေးစေပြီး ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီအချက်ဟာ အမျိုးသမီးတွေအတွက် ပိုပြီး အကျိုးရှိစေပြီး ဒီအချက်ဟာ အမျိုးသားတွေမှာ အကျိုးသက်ရောက်မှု ရှိသလား မရှိဘူးလားဆိုတာကိုတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း သုတေသနမပြုလုပ်နိုင်သေးပါဘူး လို့ ဆိုပါတယ်။

         

Alzheimer’s Research ပြုလုပ်သူ Rebecca Wood က အယ်ဇိုင်းမားရောဂါ ရရှိခံစားရမယ်ဆိုရင် ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်လို့မရတော့ပါဘူး။ ဒါကြောင့်မို့ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့အချက်တွေက အရေးကြီးပါတယ်။ ဒီလိုမျိုး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်မထားဘူးဆိုရင် ဒီရောဂါဟာ ပိုမိုဖြစ်ပွားဖို့ နီးစပ်သွားမှာ ဖြစ်ပါတယ် လို့ ဆိုပါတယ်။ သူမကပဲ ဆက်လက်ပြီး ကျွန်မတို့ လေ့လာမှုတွေအရ ကဖင်းဓာတ်ဟာ အမှန်တကယ်ပဲ အမျိုးသမီးတွေမှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ရူးသွပ်ခြင်းဖြစ်ပွားမှုကို နည်းပါးနိုင်ကြောင်း သေသေချာချာ မသတ်မှတ်နိုင်သေးပါဘူး။ ဒါပေ့မဲ့ ကဖင်းဓာတ်ဟာ မှတ်ဉာဏ်တွေကို တိုးပွားနိုင်ကြောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်တာကတော့ မှတ်ဉာဏ်တွေ ဆုံးရှုံးခြင်းကို နှေးကွေးစေနိုင်တယ်လို့ ကောက်ချက်ချလို့ ရပါတယ် လို့ ပြောကြားခဲ့ပါတယ်။

         

Alzheimer’s Society ရဲ့ လေ့လာသူ ခေါင်းဆောင်ပညာရှင် Dr. Susanne Sorensen က ကော်ဖီကို နေ့စဉ် ပုံမှန်သောက်သုံးတဲ့သူတွေဟာ ယေဘုယျအားဖြင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ရူးသွပ်ငြခ်းကို နှေးကွေးစေနိုင်ကြောင်း အကြံပြု ပြောဆိုထားပါတယ်။

         

သတိပြုရမှာကတော့ ကဖင်းဓာတ်ဟာ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်တွေကို ကာကွယ်နိုင်တယ်ဆိုသော်လည်း နေ့စဉ် အလွန်အကျွန်သောက်သုံးမှုကို ရှောင်ရှားဖို့ လိုအပ်ပြီး တစ်နေ့ကို နှစ်ခွက် သို့မဟုတ် သုံးခွက်ထက်ပိုပြီး အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို သောက်သုံးရာမှာလည်း ကော်ဖီမှုန့်စစ်စစ်၊ လက်ဖက်ရည် စစ်စစ်တွေကို သောက်သုံးဖို့ လိုအပ်ပြီး Instant တွေကို အတက်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။


Credit :

လွင့်လွင့်နေ

No.134,March 2018

Health for All

 



Related Articles


Advertisment 18